Sunday 19 June 2011

ဗောဇ္ဈင်တို့သည် ဤခုနစ်ပါးတို့တည်း၊

ခုနစ်ပါးတို့သည် အဘယ်တို့နည်း၊ နှမတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ခြင်း 'ဝိဝေက' ၌ မှီသော တပ်စွန်းမှု 'ရာဂ' ကင်းရာ၌ မှီသော ချုပ်ရာ 'နိရောဓ' ၌ မှီသော (ကိလေသာကို) စွန့်လွှတ်မှု နိဗ္ဗာန်သို့ ပြေးဝင်မှု 'ဝေါဿဂ္ဂ'ကို ရင့် ကျက်စေတတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါး၏။ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါး၏။ပ။ ဝီရိယသမ္ဗောဇ္ဈင်ကို ပွါး၏။ပ။ ပီတိသမ္ဗောဇ္ဈင်ကို ပွါး၏။ပ။ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါး၏။ပ။ သမာဓိသမ္ဗောဇ္ဈင်ကို ပွါး၏။ ဆိတ်ခြင်း 'ဝိဝေက' ၌ မှီသော တပ်စွန်းမှု 'ရာဂ' ကင်းရာ၌ မှီသော ချုပ်ရာ 'နိရောဓ' ၌ မှီသော ကိလေသာ စွန့်လွှတ်မှု နိဗ္ဗာန်သို့ ပြေးဝင်မှု 'ဝေါဿဂ္ဂ' ကို ရင့်ကျက်စေတတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါး၏

No comments:

Post a Comment