Saturday 18 June 2011

ပညတ်ပရမတ်ကွဲစေလို

စေတီပေါ်မိန်းမမတက်ရလို့  ဘုရားမဟောပါဆိုတာကို ဘယ်ထေရ၀ါဒီမှ အငြင်းအပွားမရှိပါ
၂) ဒါပေမဲ့  ဒါကြီးက လွဲနေတယ် ခုချက်ချင်း တပြည်လုံးစေတီတွေ စိန်ဖူးတော်ထိ မိန်းမတက်စေ လုပ်ကြစို့ ဆိုရင်တော့ ကျွန်တော် ထိပ်ဆုံးကကန့် ကွက်ပရစေ ။
ဒီလို ကန့် ကွက်ရတဲ့  အကြောင်းလဲ အရှည်ကြီးရိုက်နေစရာမရှိပါ လွန်ခဲ့ တဲ့  အနှစ် ၇၀ကျော်ထဲ က အမျိုးသားပညာဝန်ဦးဖိုးကျားက ကျွန်ုပ်အလိမ္မာတိုးသောနေ့ တနေ့ ဆိုပြီး ကျိုးကြောင်းပြရေးခဲ့ ပြီးပါ ။
၃) ဘုရားရှင်သည် ရဟန်းမိန်းမနဲ့ ယောက်ျားတွေကို ဓါတ်ကြီး ၄ပါးချင်းဘဲဆိုပြီးတူတူထားခဲ့သလားဆိုတော့
ရဟန်းမိန်းအ အတွက် ဂရုဓံ ၈ပါး ရဟန်းယောက်ျား = မရှိ
ရဟန်းမိန်းမ ပါရာဇိက ၈ပါး ရဟန်းယောက်ျား ၄ပါး
ရဟန်းမိန်းမ ၀ိနည်း ၃၁၁ ရဟန်းယောက်ျား ၂၂၇
နောက်
ရဟန်းယောက်ျားသည် ရဟန်းမိန်းမတို့ ကို နေ၀င်ချိန်တန်အောင် နောက်ကျအောင် တရားဟောပြခဲ့သော် အာပတ်သို့ သင့်ရောက်စေ ဆိုတဲ့ သိက္ခါပုဒ်။
ဒီနေရာမှာ အထူးသဖြင့်မှတ်ဘို့ က ဒါနသီလ ၀ိနည်း သမထ ဆိုတာတွေက ပညတ်နယ်ထဲမှာ ၊ ၀ိပဿနာဆိုတာက ပရမတ်နယ်ထဲမှာ ။ ဒိ ၂ခုကို မရောထွေးရပါ ။

၎) ဂါထာတွေ လင်္ကာတွေ စီ = ပါဠိဂါထာတွေ စီဟောခဲ့တာက မြတ်စွာဘုရားက စတဲ့ အစဉ်ဆိုတာကို မမေ့သင့်ပါ ။ တရားဦးဓမ္မစက်ကစလို့  နာသူတွေ ရှင်းအောင် ဆောင်လွယ်အောင် ဂါထာတွေ စီလို့ ဟောခဲ့ပါတယ် ။
( အချိန်ရခဲ့ရင် ဓမ္မစက္ကပါဠိတော်ကို နာကြည့်သင့်ပါတယ် )
ရွတ်ဖတ်ပူဇော်တဲ့ အကျိုး =ထေရ၀ါဒအစဉ်မှာ ဆရာကလဲ နှုတ်တိုက်ချပေးတယ် ။ တပည့်ကလဲ နှုတ်တိုက်ဆောင်ရတယ် ။ အာဂုံရထားတာတွေကို မမေ့မပျောက်ရအောင်လဲ နေ့ စဉ် ရွတ်ဖတ်ရပါတယ် ။ ရွတ်ဖတ်ရတဲ့ အကျိုးကတော့ လက်တွေ့ မြင်သာနေတာက ခုထိကိုမြတ်ဘုရားဟောတော်မူတဲ့  ပါဠိတော်ကို မူရင်းမပျက် နာနေနိုင်တာပါဘဲ ။ တကယ်လို့ သာ ရှင်မဟာ ကဿပ အရှင်အာနန္ဒာ အရှင်ဥပါလိတို့ ကစလို့ ဆရာစဉ်ဆက် နှုတ်တိုက်မရွတ်ခဲ့ရင် ခုနေခါ တရားပြနေတဲ့  သူတွေ ပြဘို့ တရားကျန်မကျန်
တံခိုးရှိတယ် = ဘုရားရှင်ရဲ့ နှုတ်ခပါတ်တော် သစ္စာ စကားတွေကို ရွတ်ဖတ် ပူဇော်တာ တံခိုးရှိတယ်ဆိုတာကို သံသယရှိတာကတော့ သဒ္ဓါတရားနဲပါးတာကို ပြနေတာပါဘဲ ။ ကဲပါလေ နမူနာလေးကြည့်ရအောင် ။
အင်္ဂုလိမာလသုတ် လို့ ခေါ်တဲ့  ပရိတ်တော်ရဲ့ အနက်လေးကိုဆင်ခြင်ကြည့်ပါအုံး
ငါသည် ( ပုထုစဉ်အဖြစ်ကို စွန့် ၍ ) အရိယာ အဖြစ်သို့ ရောက်သည်မှ စ၍ သတ္တ၀ါ တခု၏ အသက်ကို ချမိသည်ဟု သတိမရခဲ့။ မသိခဲ့ပေ။မှန်သော သစ္စာကြောင့် ချစ်နှမသင်နှင့် သင့် ရင်သွေးသည်ချမ်းသာပါစေသတည်း
ဒါဟာ ဘုရားရှင်က သင်ကြားပေးလို့  အရိယာဖြစ်သော အရှင် အင်္ဂုလိ
မာလကိုယ်တော်ကြီး သစ္စာပြုတာပါ ။
မှန်သောသစ္စာစကားဟာ တန်ခိုးမရှိလို့  ယူခဲ့ ရင် နိတ္ထိက၀ါဒိတေါဖြစ်တော့မပေါ့ဗျာ ။
နောက် ဒီသုတ်လေးကို အာရုံပြုရွတ်တိုင်းမှာ သစ္စာစကားသာမက
လူဘ၀က လူတထောင်နီးပါးသတ်ခဲ့မိတဲ့  အရှင်အင်္ဂုလိမာလရဲ့  အကုသိုလ်တို့ ကို ဖြတ်ပေးနိုင်တဲ့ အ ရဟတ္တမဂ်ဥာဏ် ၊ ထိုမဂ်ဥာဏ်တို့ ရဲ့  အကြောင်းခံဖြစ်သော ၀ိပဿနာတရားနဲ့  ထိုတရားတော်ကို ဟောပြခဲ့သော မြတ်ဘုရားရဲ့  ရွှေဥာဏ်တော်တို့ ကို အောင့်မေ့ပူဖော်ပြီးမို့  ရွတ်သူနာသူတွေမှာ ဗုဒ္ဓါ ဓမ္မ သံဃာ နုဿတိပွားများပြီး ဖြစ်နေတာကို သတိ၇သင့်ပါတယ် ။
ရွတ်ပါ ပွားများပါများသော် ဈာန်တည်နေတယ် ဈာန်စိတ်တွေဆက်ဆက်ဖြစ်နေပါတယ်
တည်နေသောဈာန်စိတ်တို့သည်
ဈာနသဗ္ဗယုတကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဈာနပစ္စေယပစ္စယော ရုပ်တို့ ကို ကြည်လင်စေ ထောက်ပံ့နေတယ်ဆိုတာလေးကိုလေးကိုလဲ မမေ့သင့်ပါ ။
ဂုဏ်ကိုဆင်ခြင်ရာကနေ သြော် ကိုယ်တော်မြတ်ကြီးတို့ တော့ လွတ်မြောက်ရာကို ကူးမြောက်ကြပေပြီ ငါကား လို့  အသိလေးဝင်ပြီး
ကြိုးစားခဲ့သော်

ဘုရားရှင်ရဲ့ 
နှုတ်ခပါတ်တော်
ကို တကယ်ယုံကြည်စိတ်နဲ့ 
အနက်လဲ သိ
မှန်ကန်စွာလဲ ရွတ်ဖတ်ပူဇော်မယ်ဆိုရင်
အကျိုး ဆိုတာ ဆုတောင်းစရာမလိုပါဗျာ
ဒါလေးတွေကိုထောက်ပါလေ

No comments:

Post a Comment