Sunday 19 June 2011

သုဘဒ်မည်သော တောထွက်ရဟန်းကြီး

ငါ့သျှင်တို့ ထိုအခါ သုဘဒ်မည်သော တောထွက်ရဟန်းကြီးသည် ထိုပရိသတ်၌ ထိုင်နေ၏။ ငါ့သျှင်တို့ ထိုအခါ သုဘဒ်မည်သော တောထွက် ရဟန်းကြီးသည် ထိုရဟန်းတို့အား-

''ငါ့သျှင်တို့ မသင့်၊ မစိုးရိမ်းကြကုန်လင့်၊ မငိုကြွေးကြကုန်လင့်၊ ငါတို့သည် ထိုရဟန်းကြီးမှ ကောင်းစွာ လွတ်ခဲ့ကုန်ပြီ၊ 'ဤအမှုသည် သင်တို့အား အပ်၏၊ ဤအမှုသည် သင်တို့အား မအပ်'ဟု ငါတို့သည် နှိပ်စက်ခံရကုန်၏၊ ယခုမူကား ငါတို့ ပြုလုပ်လိုရာကို ပြုလုပ်ကုန်အံ့၊ မပြုလုပ်လိုရာကို မပြု လုပ်ကုန်အံ့''ဟု ပြောဆို၏။

No comments:

Post a Comment