Saturday 18 June 2011

ဘုရားရှင်ဆေးတော်

ဆေးသမားတို့ သည်
ကုလို့ ပျာက်မှ ကုမယ်
မပျောက်တဲ့ လူသေ
ကုတော့လဲ ရော့ ဒီဆေးခါးကြိးသောက်
ရေမချိုးအစာမစား
အ၀တ်မလဲနဲ့ လို့ 
ကုတာတွေ့ ဘူးကြပါသလား??

ဘုရားရှင်တို့ လဲ ဒီလိုပါဘဲ။ကိလေသာထူပြောသော ရောဂါရှင် သတ္တ၀ါဝေနေယျတို့ ကို ကုသရာမှာ တရားတော်တည်းဟူသော အမြိုက်ဆေးကို သင့်သလိုသုံးရပါတယ် ။

တရားတော်တွေက
သေချာနာယူမှတ်သားရင်တော့
တရားရနိုင်တာတွေချည်းဘဲဆိုတာ လက်ခံပါတယ်။
ဒါပေမဲ့ 
အဲလိုတရားရဘို့ ဘဲ သုံးရမယ်
ကျန်တာ မသုံးရ
ဆိုရင်တော့
တရားသေ
လူမိုက်စကားဖြစ်ပါရောလား
အခြေခံကတော့
ခွဲရတာ
၁) တခွက်ထဲတိုက်တဲ့ ဆေး
အရှင်သာရိပုတြာကြီးသောတာပန်တည်တဲ့  ယေဓမ္မာ ချီဂါထာမျိုး
အရှင်ဗါရုလ
အနာဂါမ်ဖြစ်စေတဲ့  ဒိဋ္ဌေဒိဋ္ဌံမတ္တံလို သုတ္တန်မျိုး
၂)ကျတော့ ဟောလိုက်
လက်တွေ့ ကျင့်ခိုင်းလိုက် နဲ့ 
ဓမ္မစကြာလိုတရားတော်မျိုး
၃)ကျတော့ ဖြစ်နိုင်မဲ့ လူကို တခါထဲ ညှစ်ကျင့်ခိုင်းတာ
အရှင်မဟာကဿပရဲ့ ဓုတင် ၁၃ပါးလို
၎)ကျတော့
ရောဂါကျွမ်းနေတဲ့ 
လူကိုသက်သာစေတာအဇတသတ်
နာရတဲ့ သာမညဖလသုတ်လို
၅)ကျတော့ တရားရရေးမှာ
ပါတ်ဝန်းကျင်မမျှတာကို
ဖြေရှင်းပေးတာ
မေတ္တသုတ်
ရတနသုတ်
ဓဇ၈္ဂသုတ်လို
၆)ကျတော့
ပျောက်ချိန်မတန်သေးတဲ့ 
နာတာရှည်ရောဂါသည်ကို
အနာနေရုံလေး
တို့ တို့ ပေးထားတာ
ကောသလမင်းတို့ 
လို
၇)ကျတော့
နောင်အခါ ဆရာဖြစ်လောက်တဲ့ 
သူတွေအတွက် စည်းကမ်း (၀ိနည်း)
နဲ့ ရောဂါ စုံစမ်းပုံ အတက်အကျကြည့်ပုံ
ကုထုံးတွေကို
ထားခဲ့ တာ
( အဘိဓမ္မာ ၇ကျမ်း ) ရယ်လို့  နည်းအဖုံဖုံထားခဲ့ပါတယ် ။
ဘုရားရှင်တို့ သည် သတ္တ၀ါ ဝေနေယျတို့ ရဲ့ အနုအရင့်လိုက်လို့  ထိုက်သင့်သလို သုံးခဲ့ တဲ့  တရားတော်များကို နောက်ဆရာတော်များကလဲ သင့်သလို အသုံးချခဲ့တာ ထေရ၀ါဒ နှစ် ၂၆၀၀ နီးပါပေါ့
ဒီတော့ ဒါန သီလ တန်သူကို ဒါနကထာ သီလကထာ။
လောကီဒုက္ခရောက်နေသူတို့ ကို ပရိတ် ကမ္မ၀ါ ။
ကိလေသာကုန်ခမ်းလိုသူတို့ ကို ၀ိပဿနာ
ဆရာဖြစ်လိုသူတွေကို ၀ိနည်းသုတ္တန် အဘိဓမ္မာမှစလို့  နိဿယတိုင်အောင် သင်ပေးသင်ယူနေတာတွေမှာ ဟိုတရားကသာတယ် ။ ဒိတရားက ဘုရားမဟောလို့  တရားသေမယူထိုက်ပါကြောင်း
တဆက်ထဲဘဲ တွေးဆစရာလေးတခုကတော့
ဆေးကုခံတော့မယ်ဆို ဆရာဝန်ဘယ်နိုင်ငံက ဘွဲ့  ဘယ်နှခု နဲ့  ခုရော လိုင်စင်ရှိရဲ့ လား ( စည်းကမ်းတွေကို လိုက်နာခဲ့ ရဲ့ လားလို့  ) စစ်ဆေးစုံးစမ်းနေကျ လူတွေဟာ မိမိတရားရဘို့  ဆရာတင်တော့မယ်ဆိုရင်
ဝိနည်းတော်ကိုဘယ်လောက်လေးစားပြီး မြတ်ဘုရားရဲ့ နှုတ်ခပါတ်တော်များကိုဘယ်လောက်ထိန်းသိမ်းလဲ ဆိုလေးလောက်တော့ အရင်လေ့လာသင့်ပါကြောင်း

No comments:

Post a Comment