Saturday 18 June 2011

သာမညဖလသုတ် (ကောက်နှုတ်ချက်)

ဝိပဿနာဉာဏ် (၁)

၂၃၄။ မင်းကြီး တစ်ဖန် ထို့ပြင်လည်း ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော်ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် (ဝိပဿနာ) ဉာဏ်အမြင် အလို့ငှါ စိတ်ကို ရှေးရှု ပို့ဆောင်၏၊ ရှေးရှု ညွတ်စေ၏၊ ထို (ရဟန်း) သည်ဤသို့ သိ၏ -

''ငါ၏ ဤကိုယ်ကား ရုပ်ရှိ၏၊ မဟာဘုတ်လေးပါး အစုအဝေးဖြစ်၏၊ မိဘတို့မှ ပေါက်ဖွား၏၊ ထမင်းမုန့်တို့ဖြင့် ကြီးပွား၏၊ မမြဲခြင်း ပွတ်သပ်ပေးရခြင်း၁ ဆုပ်နယ်ပေးရခြင်း ပြိုကွဲခြင်း ပျက်စီးခြင်းသဘောရှိ၏၊ ငါ၏ ဤဝိညာဉ်သည်လည်း ဤ (ကိုယ်) ၌ မှီတွယ်၏၊ ဤ (ကိုယ်) ၌ ဆက်စပ်၏''ဟု သိ၏။

၂၃၅။ မင်းကြီး ဥပမာသော်ကား အလွန်တောက်ပသော အမျိုးမှန်သော ရှစ်မြှောင့်ရှိသော ကောင်းစွာ ပြုပြင်ပြီးဖြစ်သော အရည်ကောင်းသော အထူးကြည်လင်သောနောက်ကျုကင်းသော (သွေးခြင်း ဖောက်ခြင်းစသော) အခြင်းအရာ အားလုံးနှင့် ပြည့်စုံသောဝေဠုရိယ ကြောင်မျက်ရွဲရတနာသည် ရှိရာ၏၊ ထို (ဝေဠုရိယ ကြောင်မျက်ရွဲရတနာ) ၌ ညိုသောချည်ကိုသော်လည်းကောင်း၊ ဝါသောချည်ကိုသော်လည်းကောင်း၊ နီသောချည်ကိုသော် လည်းကောင်း၊ ဖြူသော ချည်ကိုသော်လည်းကောင်း၊ ဝါဖျော့သော ချည်ကို သော်လည်းကောင်း တပ်ထားရာ၏၊ ထို (ဝေဠုရိယ ကြောင်မျက်ရွဲရတနာ) ကို မျက်စိအမြင်ရှိသော ယောက်ျားသည် လက်၌ တင်ထား၍ (ဤသို့) ဆင်ခြင်ရာ၏ -

''ဤ (ဝေဠုရိယ ကြောင်မျက်ရွဲရတနာ) သည် အလွန် တောက်ပ၏၊ အမျိုးမှန်၏၊ ရှစ်မြှောင့်ရှိ၏၊ ကောင်းစွာ ပြုပြင်ပြီးဖြစ်၏၊ အရည်ကောင်း၏၊ အထူးကြည်လင်၏၊ နောက်ကျုကင်း၏၊ (သွေးခြင်းဖောက်ခြင်း စသော) အခြင်းအရာ အားလုံးနှင့် ပြည့်စုံ၏၊ ထို (ဝေဠုရိယ ကြောင်မျက်ရွဲရတနာ) ၌ဤညိုသော ချည်ကို တပ်ထား၏ဟူ၍သော်လည်းကောင်း၊ ဤဝါသော ချည်ကို တပ်ထား၏ဟူ၍့သော်လည်းကောင်း၊ ဤနီသော ချည်ကို တပ်ထား၏ဟူ၍သော်လည်းကောင်း၊ ဤဖြူသော ချည်ကိုတပ်ထား၏ဟူ၍သော်လည်းကောင်း၊ ဤဝါဖျော့သော ချည်ကို တပ်ထား၏ဟူ၍သော်လည်းကောင်း'' ဆင်ခြင်ရာ၏။

မင်းကြီး ဤအတူ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော်တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ရဟန်းသည် (ဝိပဿနာ) ဉာဏ်အမြင်အလို့ငှါစိတ်ကို ရှေးရှု ပို့ဆောင်၏၊ ရှေးရှု ညွတ်စေ၏၊ ထို (ရဟန်း) သည် ဤသို့ သိ၏ - ''ငါ၏ ဤကိုယ်ကား ရုပ်ရှိ၏၊ မဟာဘုတ်လေးပါး အစုအဝေးဖြစ်၏၊ မိဘတို့မှ ပေါက်ဖွား၏၊ ထမင်း မုန့်တို့ဖြင့် ကြီးပွား၏၊ မမြဲခြင်း ပွတ်သပ်ပေးရခြင်း ဆုပ်နယ်ပေးရခြင်း ပြိုကွဲခြင်း ပျက်စီးခြင်းသဘော ရှိ၏၊ ငါ၏ ဤဝိညာဉ်သည်လည်း ဤ (ကိုယ်) ၌ မှီတွယ်၏၊ ဤ (ကိုယ်) ၌ ဆက်စပ်၏''ဟု သိ၏။

မင်းကြီး ဤသည်လည်း ရှေးဖြစ်ကုန်သော ကိုယ်တိုင် သိမြင်ရသော ရဟန်း ဖြစ်ကျိုးတို့ထက် သာ၍နှစ်သက်ဖွယ်လည်းဖြစ်သော သာ၍ မွန်မြတ်သည်လည်းဖြစ်သော ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးပေတည်း။

------

၁။ သူငယ်နံ့ ပျောက်စေခြင်းငှါ ငယ်စဉ်က နံ့သာဖြင့် ပွတ်သပ်ပေးရခြင်းကို ဆိုသည်။

Ã

မနောမယိဒ္ဓိဉာဏ် (၂)

၂၃၆။ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် စိတ်ဖြင့်ပြီးသော ကိုယ်ကို ဖန်ဆင်းခြင်း 'မနောမယိဒ္ဓိ' ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှု ပို့ဆောင်၏၊ ရှေးရှုညွတ်စေ၏၊ ထို (ရဟန်း) သည်ဤ (မိမိ) ကိုယ်မှ တစ်ပါးသော ရုပ်ရှိသော စိတ်ဖြင့်ပြီးသော အင်္ဂါ ကြီးငယ်အလုံးစုံရှိသောဣနြေ္ဒမချို့တဲ့သော ကိုယ်ကို ဖန်ဆင်း၏။

၂၃၇။ မင်းကြီး ဥပမာသော်ကား ယောက်ျားသည် ဖြူဆံမြက်မှ အညွန့်တံကို နုတ်ရာ၏၊ ထို (ယောက်ျား) အား ဤသို့ အကြံ ဖြစ်ရာ၏ -

''ဤကား ဖြူဆံမြက်တည်း၊ ဤကား အညွန့်တံတည်း။ ဖြူဆံမြက်ကား တခြား၊ အညွန့်တံကားတခြားတည်း။ ဖြူဆံမြက်မှသာလျှင် အညွန့်တံကို နုတ်ထား၏''ဟု အကြံဖြစ်ရာ၏။

မင်းကြီး ဥပမာသော်ကား ယောက်ျားသည် သန်လျက်ကို အအိမ်မှ ထုတ်ရာ၏၊ ထို (ယောက်ျား) အားဤသို့ အကြံဖြစ်ရာ၏ -

''ဤကား သံလျက်တည်း၊ ဤကား အအိမ်တည်း။ သံလျက်ကား တခြား၊ အအိမ်ကား တခြားတည်း၊ အအိမ်မှသာလျှင် သံလျက်ကို နုတ်ထား၏''ဟု အကြံဖြစ်ရာ၏။

မင်းကြီး ဥပမာသော်ကား ယောက်ျားသည် အရေခွံမှ မြွေကို ထုတ်ရာ၏၊ ထို (ယောက်ျား) အား ဤသို့အကြံဖြစ်ရာ၏ -

''ဤကား မြွေတည်း၊ ဤကား အရေတည်း။ မြွေကား တခြား၊ အရေကား တခြားတည်း။ အရေခွံမှသာလျှင် မြွေကို ထုတ်ထား၏''ဟု အကြံဖြစ်ရာ၏။

မင်းကြီး ဤအတူ ဤသို့တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော့်ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော်တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ရဟန်းသည် စိတ်ဖြင့်ပြီးသော ကိုယ်ကို ဖန်ဆင်းခြင်းငှါ စိတ်ကို ရှေးရှု ပို့ဆောင်၏၊ ရှေးရှု ညွတ်စေ၏၊ ထို (ရဟန်း) သည် ဤ (မိမိ) ကိုယ်မှ တစ်ပါးသော ရုပ်ရှိသော စိတ်ဖြင့်ပြီးသော အင်္ဂါကြီးငယ် အလုံးစုံရှိသော ဣနြေ္ဒ မချို့တဲ့သော ကိုယ်ကို ဖန်ဆင်း၏။

မင်းကြီး ဤသည်လည်း ရှေးဖြစ်ကုန်သော ကိုယ်တိုင် သိမြင်ရသော ရဟန်း ဖြစ်ကျိုးတို့ထက် သာ၍နှစ်သက်ဖွယ်လည်းဖြစ်သော သာ၍ မွန်မြတ်သည်လည်းဖြစ်သော ကိုယ်တိုင်သိမြင်ရသော ရဟန်းဖြစ်ကျိုးပေတည်း။

------

ဣဒ္ဓိဝိဓဉာဏ် (၃)

၂၃၈။ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် တန်ခိုးဖန်ဆင်းခြင်း 'ဣဒ္ဓိဝိဓ' ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုပို့ဆောင်၏၊ ရှေးရှုညွတ်စေ၏၊ ထို (ရဟန်း) သည် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေ၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်း အများဖြစ်သွား၏၊ အများဖြစ်လျက်လည်းတစ်ယောက်တည်း ဖြစ်လာ၏၊ ကိုယ်ကို ထင်ရှား ဖြစ်စေ၏၊ ကိုယ်ကို ပျောက်ကွယ်စေ၏၊ နံရံတစ်ဖက်တံတိုင်းတစ်ဖက် တောင်တစ်ဖက်သို့ မထိ မငြိဘဲ ကောင်းကင်၌ကဲ့သို့ သွား၏၊ မြေ၌လည်း ငုပ်ခြင်းပေါ်ခြင်းကို ရေ၌ကဲ့သို့ ပြု၏၊ ရေ၌လည်း မကွဲစေဘဲ မြေ၌ကဲ့သို့ သွား၏၊ ကောင်းကင်၌လည်းထက်ဝယ် ဖွဲ့ခွေလျက် အတောင်ရှိသော ငှက်ကဲ့သို့ သွား၏၊ ဤသို့ တန်ခိုးကြီးကုန်သော ဤသို့အာနုဘော်ကြီး ကုန်သော ဤလ နေတို့ကိုလည်း လက်ဖြင့် သုံးသပ်၏၊ ဆုပ်ကိုင်၏၊ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို (မိမိ) အလိုအတိုင်း ဖြစ်စေ၏။

၂၃၉။ မင်းကြီး ဥပမာသော်ကား ကျွမ်းကျင်သော အိုးထိန်းသည်လည်းကောင်း၊ အိုးထိန်းသည်၏တပည့်သည်လည်းကောင်း မြေကို ညက်စွာနယ်ပြီးလတ်သော် အလိုရှိရာ အိုးခွက်အမျိုးမျိုးကို ပြုလုပ်ရာ၏၊ ပြီးစေရာ၏။

မင်းကြီး ဥပမာတစ်မျိုးသော်ကား ကျွမ်းကျင်သော ဆင်စွယ်ပန်းပုသည်သည်လည်းကောင်း၊ ဆင်စွယ်ပန်းပုသည်၏ တပည့်သည်လည်းကောင်း ဆင်စွယ်ကို ကောင်းစွာ ပြုပြင်ပြီးလတ်သော် အလိုရှိရာဆင်စွယ်ထည်ကို ပြုလုပ်ရာ၏၊ ပြီးစေရာ၏။

မင်းကြီး ဥပမာ တစ်မျိုးသော်ကား ကျွမ်းကျင်သော ရွှေပန်းထိမ်သည်သည်လည်းကောင်း၊ ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း၊ ရွှေကို ကောင်းစွာ ပြုပြင်ပြီးလတ်သော် အလိုရှိရာ ရွှေထည်ကိုပြုလုပ်ရာ၏၊ ပြီးစေရာ၏။

မင်းကြီး ဤအတူ ဤသို့တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေး မရှိလတ်သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော်တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ရဟန်းသည် တန်ခိုးဖန်ဆင်းခြင်း 'ဣဒ္ဓိဝိဓ' ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှု ပို့ဆောင်၏၊ ရှေးရှုညွတ်စေ၏၊ ထို (ရဟန်း) သည် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေ၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်း အများဖြစ်သွား၏၊ အများဖြစ်လျက်လည်းတစ်ယောက်တည်းဖြစ်လာ၏၊ ကိုယ်ကို ထင်ရှား ဖြစ်စေ၏၊ ကိုယ်ကို ပျောက်ကွယ်စေ၏၊ နံရံတစ်ဖက် တံတိုင်းတစ်ဖက် တောင်တစ်ဖက်သို့ မထိမငြိဘဲ ကောင်းကင်၌ကဲ့သို့ သွား၏၊ မြေ၌လည်းငုပ်ခြင်းပေါ်ခြင်း ကို ရေ၌ကဲ့သို့ ပြု၏၊ ရေ၌လည်း မကွဲစေဘဲ မြေ၌ကဲ့သို့ သွား၏၊ ကောင်းကင်၌လည်း ထက်ဝယ် ဖွဲ့ခွေလျက် အတောင်ရှိသော ငှက်ကဲ့သို့ သွား၏၊ ဤသို့ တန်ခိုးကြီးကုန်သော ဤသို့ အာနုဘော်ကြီးကုန် သော ဤလ နေတို့ကိုလည်း လက်ဖြင့် သုံးသပ်၏၊ ဆုပ်ကိုင်၏၊ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို (မိမိ) အလိုအတိုင်း ဖြစ်စေ၏။

မင်းကြီး ဤသည်လည်း ရှေးဖြစ်ကုန်သော ကိုယ်တိုင်သိမြင်ရသော ရဟန်းဖြစ်ကျိုးတို့ထက် သာ၍နှစ်သက်ဖွယ်လည်းဖြစ်သော သာ၍ မွန်မြတ်သည်လည်းဖြစ်သော ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးပေတည်း။

------

ဒိဗ္ဗသောတဉာဏ် (၄)

၂၄ဝ။ ဤသို တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော် တည်တံ့လတ်သော်မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် 'ဒိဗ္ဗသောတ' ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုပို့ဆောင်၏၊ ရှေးရှုညွတ်စေ၏၊ ထို (ရဟန်း) သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ နားထက်သာလွန်သော နတ်တို့၏ နားနှင့် တူသော 'ဒိဗ္ဗသောတ' ဉာဏ်ဖြင့် နတ်၌လည်းဖြစ်ကုန်သော လူ၌လည်းဖြစ်ကုန်သော ဝေးသည်လည်း ဖြစ်ကုန်သော နီးသည်လည်းဖြစ်ကုန်သော နှစ်မျိုးသော အသံတို့ကို ကြားရ၏။

၂၄၁။ မင်းကြီး ဥပမာသော်ကား ခရီးရှည်သွားသော ယောက်ျားသည် စည်ကြီးသံ မုရိုးစည်သံ ခရုသင်းသံ ထက်စည်သံ ပတ်သာသံများကို ကြားရာ၏၊ ထို (ယောက်ျား) သည် ဤသို့ သိရာ၏ -

''ဤကား စည်ကြီးသံ၊ ဤကား မုရိုးစည်သံ၊ ဤကား ခရုသင်းသံ၊ ဤကား ထက်စည်သံ၊ ဤကားပတ်သာသံတည်း''ဟု သိရာ၏။

မင်းကြီး ဤအတူ ရဟန်းသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ နားထက် သာလွန်သောနတ်တို့၏် နားနှင့် တူသော 'ဒိဗ္ဗသောတ' ဉာဏ်ဖြင့် နတ်၌လည်းဖြစ်ကုန်သော လူ၌လည်းဖြစ်ကုန်သော ဝေးသည်လည်း ဖြစ်ကုန်သော နီးသည်လည်းဖြစ်ကုန်သော နှစ်မျိုးသော အသံတို့ကို ကြားရ၏။

မင်းကြီး ဤသည်လည်း ရှေးဖြစ်ကုန်သော ကိုယ်တိုင်သိ မြင်ရသော ရဟန်း ဖြစ်ကျိုးတို့ထက် သာ၍နှစ်သက်ဖွယ်လည်းဖြစ်သော သာ၍ မွန်မြတ်သည်လည်းဖြစ်သော ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးပေတည်း။

------

စေတောပရိယဉာဏ် (၅)

၂၄၂။ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော် တည်တံ့လတ်သော်မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် (သူတစ်ပါးတို့၏) စိတ်ကို ပိုင်းခြား၍ သိသော 'စေတောပရိယ' ဉာဏ် အလို့ငှါ စိတ်ကို ရှေးရှု ပို့ဆောင်၏၊ ရှေးရှု ညွတ်စေ၏၊ ထို (ရဟန်း) သည်တစ်ပါးသော သတ္တဝါတစ်ပါးသော ပုဂ္ဂိုလ်တို့၏ စိတ်ကို (မိမိ) စိတ်ဖြင့် ပိုင်းခြား၍ သိ၏၊ တပ်မက်ခြင်း 'ရာဂ' နှင့်တကွသော စိတ်ကိုလည်း တပ်မက်ခြင်း 'ရာဂ' နှင့် တကွသော စိတ်ဟု သိ၏၊ တပ်မက်ခြင်း 'ရာဂ' ကင်းသော စိတ်ကိုလည်း တပ်မက်ခြင်း 'ရာဂ' ကင်းသော စိတ်ဟု သိ၏၊ အမျက်ထွက်ခြင်း 'ဒေါသ' နှင့် တကွသော စိတ်ကိုလည်း အမျက်ထွက်ခြင်း 'ဒေါသ' နှင့် တကွသောစိတ်ဟု သိ၏၊ အမျက်ထွက်ခြင်း 'ဒေါသ' ကင်းသော စိတ်ကိုလည်း အမျက်ထွက်ခြင်း 'ဒေါသ' ကင်းသော စိတ်ဟု သိ၏၊ တွေဝေခြင်း 'မောဟ၁' နှင့်တကွသော စိတ်ကိုလည်း တွေဝေခြင်း 'မောဟ' နှင့် တကွသော စိတ်ဟု သိ၏၊ တွေဝေခြင်း 'မောဟ' ကင်းသော စိတ်ကိုလည်း တွေဝေခြင့်း  'မောဟ' ကင်းသော စိတ်ဟု သိ၏၊ ကျုံ့သော 'သံခိတ္တ' စိတ်ကိုလည်း ကျုံ့သော 'သံခိတ္တ' စိတ်ဟု သိ၏၊ ပျံ့သော 'ဝိက္ခိတ္တ' စိတ်ကိုလည်း ပျံ့သော 'ဝိက္ခိတ္တ' စိတ်ဟု သိ၏၊ မြတ်သည်၏ အဖြစ်သို့ရောက်သော 'မဟဂ္ဂုတ်' စိတ်ကိုလည်း မြတ်သည်၏ အဖြစ်သို့ ရောက်သော 'မဟဂ္ဂုတ်' စိတ်ဟု သိ၏၊ မြတ်သည်၏ အဖြစ်သို့ မရောက်သော 'အမဟဂ္ဂုတ်' စိတ်ကို လည်း မြတ်သည်၏ အဖြစ်သို့မရောက်သော 'အမဟဂ္ဂုတ်' စိတ်ဟု သိ၏၊ သာလွန်သော တရား ရှိသော 'သဥတ္တရ' စိတ်ကိုလည်းသာလွန်သော တရားရှိသော 'သဥတ္တရ' စိတ်ဟု သိ၏၊ သာလွန်သော တရား မရှိသော 'အနုတ္တရ' စိတ်ကိုလည်း သာလွန်သော တရားမရှိသော 'အနုတ္တရ' စိတ်ဟု သိ၏၊ တည်ကြည်သော 'သမာဟိတ' စိတ်ကိုလည်း တည်ကြည်သော 'သမာဟိတ' စိတ်ဟု သိ၏၊ မတည်ကြည် သော 'အသမာဟိတ' စိတ်ကိုလည်း မတည်ကြည်သော 'အသမာဟိတ' စိတ်ဟု သိ၏၊ လွတ်မြောက်သော 'ဝိမုတ္တ' စိတ်ကိုလည်း လွတ်မြောက်သော 'ဝိမုတ္တ' စိတ်ဟု သိ၏၊ မလွတ်မြောက်သော 'အဝိမုတ္တ' စိတ်ကိုလည်း မလွတ်မြောက်သော 'အဝိမုတ္တ' စိတ်ဟု သိ၏။

၂၄၃။ မင်းကြီး ဥပမာသော်ကား ငယ်ရွယ်သော အလှပြင်လေ့ရှိသော မိန်းမပျိုသည်လည်းကောင်း၊ ယောက်ျားပျိုသည်လည်းကောင်း သန့်ရှင်းဖြူစင်သော မှန်၌ဖြစ်စေ ကြည်လင်သော ရေခွက်၌ဖြစ်စေ မိမိမျက်နှာရိပ်ကို ကြည့်ရှုလတ်သော် (မှဲ့ စသော) အပြောက်အစွန်း ရှိသည်ကို (မှဲ့ စသော) အပြောက်အစွန်းရှိ၏ဟု သိရာ၏၊ (မှဲ့ စသော) အပြောက်အစွန်း မရှိသည်ကို (မှဲ့ စသော) အပြောက်အစွန်းမရှိဟု သိရာ၏။

မင်းကြီး ဤအတူ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော်တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် (သူတစ်ပါးတို့၏) စိတ်ကိုပိုင်းခြား၍ သိသော 'စေတောပရိယ' ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှု ပို့ဆောင်၏၊ ရှေးရှု ညွတ်စေ၏၊ ထို (ရဟန်း) သည် တစ်ပါးသော သတ္တဝါ တစ်ပါးသော ပုဂ္ဂိုလ်တို့၏ စိတ်ကို (မိမိ) စိတ်ဖြင့် ပိုင်းခြား၍သိ၏၊ တပ်မက်ခြင်း 'ရာဂ' နှင့်တကွသော စိတ်ကိုလည်း တပ်မက်ခြင်း 'ရာဂ' နှင့်တကွသော စိတ်ဟု သိ၏၊ တပ်မက်ခြင်း 'ရာဂ' ကင်းသော စိတ်ကိုလည်း တပ်မက်ခြင်း 'ရာဂ' ကင်းသော စိတ်ဟု သိ၏၊ အမျက်ထွက်ခြင်း 'ဒေါသ' နှင့်တကွသော စိတ်ကိုလည်း အမျက်ထွက်ခြင်း 'ဒေါသ' နှင့်တကွသော စိတ်ဟု သိ၏၊ အမျက်ထွက်ခြင်း 'ဒေါသ' ကင်းသော စိတ်ကိုလည်း အမျက်ထွက်ခြင်း 'ဒေါသ' ကင်းသော စိတ်ဟု သိ၏၊ တွေဝေခြင်း 'မောဟ' နှင့်တကွသော စိတ်ကိုလည်း တွေဝေခြင်း 'မောဟ' နှင့်တကွသော စိတ်ဟု သိ၏၊ တွေ ဝေခြင်း 'မောဟ' ကင်းသော စိတ်ကိုလည်း တွေဝေခြင်း 'မောဟ' ကင်းသော စိတ်ဟု သိ၏၊ ကျုံ့သော 'သံခိတ္တ' စိတ်ကိုလည်း ကျုံ့သော 'သံခိတ္တ' စိတ်ဟုသိ၏၊ ပျံ့သော 'ဝိက္ခိတ္တ' စိတ်ကိုလည်းပျံ့သော 'ဝိက္ခိတ္တ' စိတ်ဟု သိ၏၊ မြတ်သည်၏ အဖြစ်သို့ ရောက်သော 'မဟဂ္ဂုတ်' စိတ်ကိုလည်းမြတ်သည်၏ အဖြစ်သို့ ရောက်သော 'မဟဂ္ဂုတ်' စိတ်ဟု သိ၏၊ မြတ်သည်၏ အဖြစ်သို့ မရောက်သော 'အမဟဂ္ဂုတ်' စိတ်ကို လည်း မြတ်သည်၏ အဖြစ်သို့ မရောက်သော 'အမဟဂ္ဂုတ်' စိတ်ဟု သိ၏၊ သာလွန်သော တရားရှိသော 'သဥတ္တရ' စိတ်ကိုလည်း သာလွန်သော တရားရှိသော 'သဥတ္တရ' စိတ်ဟု သိ၏၊ သာလွန်သော တရား မရှိသော 'အနုတ္တရ' စိတ်ကိုလည်း သာလွန်သော တရားမရှိသော 'အနုတ္တရ' စိတ်ဟု သိ၏၊ တည်ကြည် သော 'သမာဟိတ' စိတ်ကိုလည်း တည်ကြည်သော 'သမာဟိတ' စိတ်ဟု သိ၏၊ မတည်ကြည်သော 'အသမာဟိတ' စိတ်ကိုလည်းမတည်ကြည်သော 'အသမာဟိတ' စိတ်ဟု သိ၏၊ လွတ်မြောက်သော 'ဝိမုတ္တ' စိတ်ကိုလည်း လွတ်မြောက်သော 'ဝိမုတ္တ' စိတ်ဟု သိ၏၊ မလွတ်မြောက်သော 'အဝိမုတ္တ' စိတ်ကိုလည်းမလွတ်မြောက်သော 'အဝိမုတ္တ' စိတ်ဟု သိ၏။

မင်းကြီး ဤသည်လည်း ရှေးဖြစ်ကုန်သော ကိုယ်တိုင် သိမြင်ရသော ရဟန်း ဖြစ်ကျိုးတို့ထက် သာ၍့နှစ်သက်ဖွယ်လည်း ဖြစ်သော သာ၍ မွန်မြတ်သည်လည်း ဖြစ်သော ကိုယ်တိုင် သိမြင်ရသောရဟန်း ဖြစ်ကျိုးပေတည်း။

------

၁။ တွေဝေခြင်း'မောဟ' ဟူသည် သစ္စာလေးပါးအရာ၌ အမှန်ကို မသိခြင်း အမှားကို သိခြင်းတည်း။

Ã

ပုဗ္ဗေနိဝါသာနုဿတိဉာဏ် (၆)

၂၄၄။ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော် တည်တံ့လတ်သော်မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် ရှေး၌ဖြစ်ဖူးသော ဘဝကို အောက်မေ့၍ သိသော 'ပုဗ္ဗေနိဝါသာနုဿတိ၁' ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှု ပို့ဆောင်၏၊ ရှေးရှု ညွတ်စေ၏၊ ထို (ရဟန်း) သည်များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့၏၊ ဤသည်တို့ကား အဘယ်နည်း -

''တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝလေးဆယ်တို့ကို လည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ ဘဝရာပေါင်းများစွာတို့ကို လည်းကောင်း၊ ဘဝထောင်ပေါင်းများစွာတို့ကိုလည်းကောင်း၊ ဘဝသိန်းပေါင်းများစွာတို့ကို လည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်းများပြားသော ဖြစ်ကပ်တို့ကို လည်းကောင်း၊ များပြားသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း 'ဤမည်သော ဘဝ၌ (ငါသည်) ဤသို့သော အမည် ရှိခဲ့၏၊ ဤသို့သော အနွယ် ရှိခဲ့၏၊ ဤသို့သောအဆင်း ရှိခဲ့၏၊ ဤသို့သော အစာ ရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း ဤသို့သော အမည် ရှိခဲ့၏၊ ဤသို့သော အနွယ် ရှိခဲ့၏၊ ဤသို့သောအဆင်း ရှိခဲ့၏၊ ဤသို့သော အစာ ရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သောအသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏'ဟု ဤသို့အခြင်းအရာနှင့် တကွ ညွှန်ပြဖွယ် (အမည် အနွယ်) နှင့်တကွ များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကိုအောက်မေ့၏''။

၂၄၅။ မင်းကြီး ဥပမာသော်ကား ယောက်ျားသည် မိမိရွာမှ တစ်ပါးသော ရွာသို့ သွားရာ၏၊ ထိုရွာမှလည်း တစ်ပါးသော ရွာသို့ သွားရာ၏၊ ထို (ယောက်ျား) သည် ထိုရွာမှ မိမိရွာသို့သာလျှင် ပြန်လာရာ၏၊ ထိုယောက်ျားအား ဤသို့ အကြံဖြစ်ရာ၏ -

''ငါသည် မိမိရွာမှ ဤမည်သော ရွာသို့ သွားခဲ့၏၊ ထိုရွာ၌လည်း ဤသို့ ရပ်ခဲ့၏၊ ဤသို့ ထိုင်ခဲ့၏၊ ဤသို့ ပြောဆိုခဲ့၏၊ ဤသို့ ဆိတ်ဆိတ် နေခဲ့၏၊ ထိုရွာမှလည်း ဤမည်သော ရွာသို့ သွားခဲ့၏၊ ထိုရွာ၌လည်း ဤသို့ ရပ်ခဲ့၏၊ ဤသို့ ထိုင်ခဲ့၏၊ ဤသို့ ပြောဆိုခဲ့၏၊ ဤသို့ ဆိတ်ဆိတ် နေခဲ့၏၊ ထိုငါသည် ထိုရွာမှ မိမိရွာသို့သာလျှင် ပြန်လာ၏''ဟု အကြံ ဖြစ်ရာ၏။

မင်းကြီး ဤအတူ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော်တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ရဟန်းသည် ရှေး၌ ဖြစ်ဖူးသော ဘဝကိုအောက်မေ့၍ သိသော 'ပုဗ္ဗေနိဝါသာနုဿတိ' ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှု ပို့ဆောင်၏၊ ရှေးရှုညွတ်စေ၏၊ ထို (ရဟန်း) သည် များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့၏၊ ဤသည်တို့ကား အဘယ်နည်း -

''တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝ လေးဆယ်တို့ကို လည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝ တစ်ရာကိုလည်းကောင်း၊ ဘဝ တစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ ဘဝရာပေါင်းများစွာတို့ကို လည်းကောင်း၊ ဘဝထောင်ပေါင်းများစွာတို့ကိုလည်းကောင်း၊ ဘဝသိန်းပေါင်းများစွာတို့ကို လည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း 'ဤမည်သော ဘဝ၌ (ငါသည်) ဤသို့သော အမည် ရှိခဲ့၏၊ ဤသို့သော အနွယ် ရှိခဲ့၏၊ ဤသို့သောအဆင်း ရှိခဲ့၏၊ ဤသို့သော အစာ ရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သောအသက်အပိုင်းအခြား ရှိခဲ့၏၊ ထိုငါသည် ထိုဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ် ပြန်၏၊ ထိုဘဝ၌လည်း ဤသို့သော အမည် ရှိခဲ့၏၊ ဤသို့သော အနွယ် ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြားရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏'ဟု ဤသို့ အခြင်းအရာနှင့် တကွညွှန်ပြဖွယ် (အမည်အနွယ်) နှင့် တကွ များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့၏''။

မင်းကြီး ဤသည်လည်း ရှေးဖြစ်ကုန်သော ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးတို့ထက် သာ၍နှစ်သက်ဖွယ်လည်း ဖြစ်သော သာ၍ မွန်မြတ်သည်လည်း ဖြစ်သော ကိုယ်တိုင် သိမြင်ရသောရဟန်းဖြစ်ကျိုးပေတည်း။

------

၁။ ပုဗ္ဗေ=ရှေး၌ + နိဝါသ=နေဖူးသောဘဝ, ဖြစ်ဖူးသောဘဝကို + အနုဿတိ= အောက်မေ့၍ + Óဏ = သိသောဉာဏ်။

Ã

စုတူပပါတဉာဏ် (၇)

၂၄၆။ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော် တည်တံ့လတ်သော်မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် သတ္တဝါတို့၏ သေခြင်း ဖြစ်ပေါ်ခြင်းကို သိသော 'စုတူပပါတ၁' ဉာဏ် အလို့ငှါ စိတ်ကို ရှေးရှု ပို့ဆောင်၏၊ ရှေးရှု ညွတ်စေ၏၊ ထို (ရဟန်း) သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏ မျက်စိနှင့်တူသော 'ဒိဗ္ဗစက္ခု' ဉာဏ်ဖြင့် သေဆဲ သတ္တဝါ ဖြစ်ပေါ်ဆဲ သတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသောသတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိ၏။

''အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ကာယဒုစရိုက်' နှင့်ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ဝစီဒုစရိုက်' နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုသော မကောင်းသော အကျင့်  'မနောဒုစရိုက်' နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသောအယူရှိကုန်၏၊ မှားသော အယူဖြင့် ပြုသော ကံရှိကုန်၏၊ ထို (သတ္တဝါ) တို့သည် ခန္ဓာကိုယ် ပျက်စီး၍သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းသော မကောင်းသော လားရာ ပျက်စီးလျက် ကျရောက်ရာ ငရဲ၌့ဖြစ်ပေါ်ကုန်၏၊ အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့် ပြုသော ကောင်းသော အကျင့် 'ကာယသုစရိုက်' နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော ကောင်းသော အကျင့် 'ဝစီသုစရိုက်' နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုသော ကောင်းသော အကျင့် 'မနောသုစရိုက်' နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို မစွပ်စွဲကုန်၊ မှန်သော အယူရှိကုန်၏၊ မှန်သော အယူဖြင့် ပြုသော ကံရှိကုန်၏၊ ထို (သတ္တဝါ) တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ပေါ် ကုန်၏''။

ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့် တူသော 'ဒိဗ္ဗစက္ခု' ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါအဆင်းလှသော သတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသောလားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိ၏။

၂၄၇။ မင်းကြီး ဥပမာသော်ကား (ဗဟို) လမ်းဆုံအလယ်၌ ပြာသာဒ် ရှိရာ၏၊ ထို (ပြာသာဒ်) ထက်၌ရပ်လျက်နေသော မျက်စိအမြင်ရှိသော ယောက်ျားသည် အိမ်သို့ ဝင်ကုန်သော အိမ်မှ ထွက်ကုန်သော လမ်းမ၌ လမ်းလျှောက် သွားလာနေကုန်သော လမ်းဆုံအလယ်၌ ထိုင်နေကုန်သော လူတို့ကို မြင်ရာ၏၊ ထိုယောက်ျားအား ဤသို့ အကြံဖြစ်ရာ၏ -

''ဤသူတို့သည် အိမ်သို့ ဝင်ကုန်၏၊ ဤသူတို့သည် (အိမ်မှ) ထွက်ကုန်၏၊ ဤသူတို့သည် လမ်းမ၌လမ်းလျှောက် သွားလာနေကုန်၏၊ ဤသူတို့သည် လမ်းဆုံအလယ်၌ ထိုင်နေကုန်၏''ဟု အကြံဖြစ်ရာ၏။

မင်းကြီး ဤအတူ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော်ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော်တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ရဟန်းသည် သတ္တဝါတို့၏ သေခြင်းဖြစ်ပေါ်ခြင်း ကို သိသော 'စုတူပပါတ' ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှု ပို့ဆောင်စေ၏၊ ရှေးရှု ညွတ်စေ၏၊ ထို (ရဟန်း) သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏မျက်စိနှင့် တူသော 'ဒိဗ္ဗစက္ခု' ဉာဏ်ဖြင့် သေဆဲ သတ္တဝါ ဖြစ်ပေါ်ဆဲ သတ္တဝါ ယုတ်သော သတ္တဝါမြတ်သော သတ္တဝါ အဆင်း လှသော သတ္တဝါ အဆင်း မလှသော သတ္တဝါ ကောင်းသောလားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာဖြစ်ပေါ်သော သတ္တဝါတို့ကို သိ၏။

''အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ကာယဒုစရိုက်' နှင့်ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ဝစီဒုစရိုက်' နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုသော မကောင်းသော အကျင့် 'မနောဒုစရိုက်' နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသောအယူရှိကုန်၏၊ မှားသော အယူဖြင့် ပြုသော ကံရှိကုန်၏၊ ထို (သတ္တဝါ) တို့သည် ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းသော မကောင်းသော လားရာ ပျက်စီးလျက် ကျရောက်ရာ ငရဲ၌ဖြစ်ပေါ်ကုန်၏၊ အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့် ပြုသော ကောင်းသော အကျင့် 'ကာယသုစရိုက်' နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော ကောင်းသော အကျင့် 'ဝစီသုစရိုက်' နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုသော ကောင်းသော အကျင့် 'မနောသုစရိုက်' နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို မစွပ်စွဲကုန်၊ မှန်သော အယူရှိကုန်၏၊ မှန်သော အယူဖြင့် ပြုသော ကံရှိကုန်၏၊ ထို (သတ္တဝါ) တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ပေါ်ကုန်၏''။

ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့် တူသော 'ဒိဗ္ဗစက္ခု' ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါအဆင်းလှသော သတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိ၏။ မင်းကြီး ဤသည်လည်း ရှေးဖြစ်ကုန်သော ကိုယ်တိုင် သိမြင်ရသော ရဟန်း ဖြစ်ကျိုးတို့ထက် သာ၍နှစ်သက်ဖွယ်လည်း ဖြစ်သော သာ၍ မွန်မြတ်သည်လည်း ဖြစ်သော ကိုယ်တိုင် သိမြင်ရသောရဟန်းဖြစ်ကျိုးပေတည်း။

------

၁။ စုတိ=သေခြင်း၊ ဥပပါတ=ဖြစ်ပေါ်ခြင်း ပဋိသန္ဓေ။

Ã

အာသဝက္ခယဉာဏ် (၈)

၂၄၈။ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော် တည်တံ့လတ်သော်မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် အာသဝတို့ကိုကုန်စေသော 'အာသဝက္ခယ' ဉာဏ် အလို့ငှါ စိတ်ကို ရှေးရှု ပို့ဆောင်၏၊ ရှေးရှု ညွတ်စေ၏၊ ထို (ရဟန်း) သည် ဤကား ဆင်းရဲဟုဟုတ်မှန်သော အတိုင်း သိ၏၊ ဤကား ဆင်းရဲဖြစ်ပေါ်ခြင်း၏အကြောင်းဟုဟုတ်မှန်သော အတိုင်း သိ၏၊ ဤကား ဆင်းရဲချုပ်ရာ 'နိဗ္ဗာန်'ဟုဟုတ်မှန်သော အတိုင်းသိ၏၊ ဤကား ဆင်းရဲချုပ်ရာ 'နိဗ္ဗာန်' သို့ ရောက်ကြောင်း အကျင့်ဟုဟုတ်မှန်သော အတိုင်းသိ၏။ဤသည်တို့ကား အာသဝတို့ဟု ဟုတ်မှန်သော အတိုင်း သိ၏၊ ဤကား အာသဝတို့ ဖြစ်ပေါ်ခြင်း၏အကြောင်းဟုဟုတ်မှန်သော အတိုင်း သိ၏၊ ဤကား အာသဝတို့ချုပ်ရာ 'နိဗ္ဗာန်'ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား အာသဝတို့ ချုပ်ရာ 'နိဗ္ဗာန်' သို့ ရောက်ကြောင်းအကျင့်ဟုဟုတ်မှန်သော အတိုင်း သိ၏၊ ဤသို့ သိသော ဤသို့ မြင်သော ထို (ရဟန်း)၏ စိတ်သည်ကာမာသဝမှလည်း လွတ်မြောက်၏၊ ဘဝါသဝမှလည်း လွတ်မြောက်၏၊ အဝိဇ္ဇာသဝမှလည်းလွတ်မြောက်၏၊ လွတ်မြောက်ပြီး လတ်သော် လွတ်မြောက်လေပြီဟု အသိဉာဏ် ဖြစ်ပေါ်၏၊ ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ပြီဟု သိ၏။

၂၄၉။ မင်းကြီး ဥပမာသော်ကား တောင်ဝှမ်း၌ ကြည်လင်သန့်ရှင်း နောက်ကျုကင်းသော ရေအိုင်သည်ရှိရာ၏၊ မျက်စိအမြင်ရှိသော ယောက်ျားသည် ထိုရေအိုင်၏ ကမ်း၌ ရပ်လျက် ခရု ယောက်သွားကျောက်စရစ် အိုးခြမ်း ငါးအပေါင်းတို့ သွားနေကြသည်ကိုလည်းကောင်း၊ ရပ်တည်နေကြသည်ကိုလည်းကောင်း မြင်ရာ၏၊ ထိုယောက်ျားအား ဤသို့ အကြံဖြစ်ရာ၏ -

''ဤ ရေအိုင်သည် ကြည်လင် သန့်ရှင်း နောက်ကျုကင်း၏၊ ထိုရေအိုင်၌ ဤ ခရု ယောက်သွားကျောက်စရစ် အိုးခြမ်း ငါးအပေါင်းတို့ သွားလည်း သွားကြ၏၊ ရပ်တည်လည်း ရပ်တည်ကြ၏''ဟုအကြံဖြစ်၏။

မင်းကြီး ဤအတူ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော်ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော်တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် အာသဝတို့ကို ကုန်စေသော 'အာသဝက္ခယ' ဉာဏ် အလို့ငှါ စိတ်ကို ရှေးရှု ပို့ဆောင်၏၊ ရှေးရှု ညွတ်စေ၏၊ ထို (ရဟန်း) သည်ဤကား ဆင်းရဲဟုဟုတ်မှန်သော အတိုင်း သိ၏၊ ဤကား ဆင်းရဲဖြစ်ပေါ်ခြင်း၏ အကြောင်းဟုဟုတ်မှန်သော အတိုင်း သိ၏၊ ဤကား ဆင်းရဲချုပ်ရာ 'နိဗ္ဗာန်'ဟုဟုတ်မှန်သော အတိုင်း သိ၏၊ ဤကား ဆင်းရဲချုပ်ရာ 'နိဗ္ဗာန်' သို့ ရောက်ကြောင်း အကျင့်ဟုဟုတ်မှန်သော အတိုင်းသိ၏၊ ဤသည်တို့ကား အာသဝတို့ဟု ဟုတ်မှန်သော အတိုင်း သိ၏၊ ဤကား အာသဝတို့ဖြစ်ပေါ်ခြင်း၏အကြောင်းဟုဟုတ်မှန်သော အတိုင်း သိ၏၊ ဤကား အာသဝတို့ ချုပ်ရာ 'နိဗ္ဗာန်'ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား အာသဝတို့ချုပ်ရာ 'နိဗ္ဗာန်' သို့ ရောက်ကြောင်းအကျင့်ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤသို့ သိသော ဤသို့ မြင်သော ထို (ရဟန်း)၏ စိတ်သည် ကာမာသဝမှလည်းလွတ်မြောက်၏၊ ဘဝါသဝမှလည်း လွတ်မြောက်၏၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်၏၊ လွတ်မြောက် ပြီးလတ်သော် လွတ်မြောက် လေပြီဟု အသိဉာဏ် ဖြစ်ပေါ်၏၊ ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ပြီဟု သိ၏

No comments:

Post a Comment